Posted on October 13th, 2008 by admin.
Categories: Uncategorized.


သီတင်းကျွတ် လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )
…ဆီမီးရယ်ထိန် ၊ အိုင်မင်းရေကြည်က .. ၊
…ကြာငါးမည် ငုံအာစွင့်တယ်.. ၊ ဖူးပွင့်ချိန်ခါ .. ။
…အဿဝဏီ ယှဉ်ကာချဉ်းပါလို့ .. ၊ လင်းလာတဲ့ ငွေတာရိန်ရယ်.. ၊
…ပြာမှိန်လျက် မြူချေဆိုင်း .. ။
…ဂါရဝေ ၊ သဒ္ဒါခြွေ ကန်တော့ပွဲကိုလ .. ၊
…မစဲပေါင် ကုသိုလ်နှိုးကြတယ် .. ၊ မျိုးမြန်မာတိုင်း ………… ။
သီတင်းကျွတ်လသည် မြန်မာတို့ ၏ ၁၂ လရာသီတွင် သတ္တမမြောက်လ ဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလ ဖြစ်ပါသည် ။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည် ။ ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus) ဖြစ်ပါသည်။
သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သန္တူလ´ ဟုရေးထိုးကြသည် ။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟု လည်းကောင်း ၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသောစပါးပင်များ သန်စွမ်းစွာထောင်မတ်သောလ ဟု လည်းကောင်း ပညာရှိများ ဖွင့်ဆိုကြပါသည်။ မြန်မာတို့ သည် စိတ်ရင်းရိုးသားတည်ကြည်ကြသူများ ဖြစ်သည်နှင့်အညီ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာတော်ကို ပုဂံခေတ် အနော်ရထာမင်းတရား နှင့် ရှင်အရဟံ တို့ ၏ ကျေးဇူးတရားကြောင့် ဆည်းကပ်ကိုးကွယ်ခွင့် ရကြပြန်သောအခါ ဗုဒ္ဓမြတ်စွာ ၏ အဆုံးအမ တရားတော်များနှင့် လိုက်လျောညီထွေစွာ အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော လူနေမှု ဘ၀များဖြင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွှားနိုင်သော ၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကို
ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည် ။
ဤစိတ်ဓာတ်များ အရင်းခံဖြင့် ၁၂ လရာသီရှိသည့် အနက် လပြည့်လကွယ် နေ့တိုင်းတွင် ရတနာ သုံးပါးအား ရည်စူး၍ အလှူအတန်းများ ၊ကောင်းမှု ကုသိုလ်များ ပြုလုပ်လေ့ရှိကြသည် ။
သီတင်းကျွတ် မီးထွန်းပွဲတော်သည် မြန်မာတို့ ၏ ၁၂ ရာသီ ပွဲတော်များတွင် ထင်ရှားသော ပွဲတော်တစ်ခုဖြစ်ပြီး ပွဲတော် စတင်ကျင်းပခဲ့သည် အစဉ်အလာမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့စဉ်အခါကပင် ဖြစ်ပါသည် ။
ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာနတ်ပြည်၌ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတ နတ်သားအားအမှုးပြု၍ စကြ၀ဠာနေရာ အနှံ့ မှ နတ်ဗြဟ္မာ အပေါင်းတို့ အား အဘိဓမ္မာ တရားတော်မြတ်ကို ဟောကြားတော်မူသည် ။ သီတင်းကျွတ်လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာ အပေါင်းခြံရံကာ ရွှေစောင်းတန်း ၊ ငွေစောင်းတန်း ၊
ပတ္တမြားစောင်းတန်းများဖြင့် စီချယ် အပ်သော ရတနာ စောင်းတန်းဖြင့် လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည် ။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့ က မီးရှူး မီးတိုင်များ ၊မီးပန်းများ၊ ဆီမီးများ ၊ဆွမ်းပန်းရေချမ်း များဖြင့် ကပ်လှူပူဇော်ကြသည် ။ တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိ စေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည် ။ ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ ခေတ်အခါတိုင်အောင် မြန်မာ တစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲ ဖြစ်သည် ။
ဗုဒ္ဓ ၏ အဆုံးအမ၌ တည်ကြသော မြန်မာတို့သည် အသက်ဂုဏ်ဝါကြီးသူ ၊ မြင့်မြတ်သူတို့ အပေါ်တွင် ငယ်သူ ၊နိမ့်ကျ သူတို့က ရိုသေလေးစား၍ ပူဇော်ကန်တော့လေ့ ရှိကြသည့်အတိုင်း ၀ါကျွတ်သော အချိန် ဤထူးမြတ်သော အခါသမယတွင် တတ်နိုင်သမျှ ပူဇော် သက္ကာရတို့ ဖြင့် သက်ကြီးဝါကြီးများ ၊ မိဘဆရာများကို ပူဇော်ကန်တော့ကြ၏ ။
ထို့ အပြင် ဤအချိန်ကာလသည် မြန်မာတို့ ၏ တစ်ဦးကိုတစ်ဦး ရိုသေလေးစားတတ်သောသဘော ၊မာန်မာနကို နှိမ့်ချတတ်သော သဘော၊ အပြန်အလှန် မေတ္တာ စေတနာထားတတ်သောသဘော စသည့် အမျိုးကောင်း သားသမီးတို့ ၏ ယဉ်ကျေးသိမ်မွေ့ သော စိတ်နေစရိုက် ကိုဖော်ကျူးပြသနေသော အမျိုးဂုဏ်ကို မြှင့်တင်ပေးနေသည့် ရိုးရာ အစဉ်အလာ အချိန်အခါ ဖြစ်သည်နှင့်အညီ ကျွန်တော်၏ အစ်ကို၊အစ်မ များ ညီငယ် ညီမငယ်များအားလုံးတို့ သည်လည်း ..`ကောင်းသောအကြံ ၊ မှန်သောအကျင့် ၊သင့်သောအယူ ၊ဖြူသောနှလုံး ´ တို့ ဖြင့် သီတင်းကျွတ်လ မီထွန်းပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွဲ နိုင်ကြပါစေ..ဟု ဆုတောင်း ဆန္ဒပြုလိုက်ပါသည်..


Posted on October 6th, 2008 by admin.
Categories: Uncategorized.
ဆီမီးလည်း ငြိမ်းလေပြီ
ပွဲတော်လည်း သိမ်းလေပြီတဲ့
အလင်းမဲ့ ညတို့ဝိုးဝါး
ငါ့ရင်ခွင်ကြားက
ကဗ္ဗည်းတင်ထားတဲ့ သစ္စာ
ကြယ်ကြွေညတိုင်းအတွက်
ဆုတောင်း အလကာင်္ပါ…။
အလင်းတို့ လဲ့ပြာတွန့်လိပ်
စက္ကူပင်ရိပ်အောက်က ညများ
ကျိန်စာ တစ်ထောင်သင့်သူရဲ့ နှုတ်ဖျားက
ချစ်တယ်ဆိုတာ…
ကမ္ဘာတစ်သန်း ကြာမှ ပြန်ကြားရမယ့် အသံပဲဖြစ်တယ်။
စံပယ်တွေပဲ ပြုစားတာလား
မြူနှင်းတို့ပဲ နာဖျားတာလား
ဘာပဲဖြစ်ဖြစ်
လူသိမခံဝံ့တဲ့၊ ကျွန်တော့်ရဲ့
အုံ့ပုန်းအချစ် ဆိုတာ
ဆယ်စုနှစ် တခုစာ မပွင့်ပဲဖူးခဲ့တဲ့ ပန်းလေးပါ….။
ဝုန်းကနဲ ရုန်းကြွလာတဲ့
မီးငရဲ ရဲရဲတွေကို
ရင်ဘက်ထဲ သိမ်းဆွဲ
ကျကွဲသွားတဲ့ နှလုံးသားရဲ့ ဈာပန
(ငါတစ်ယောက်တည်း)
တိတ်တိတ်လေးချမယ်…။
(အောင်မှူး- နှောင်းတေး)
Posted on October 6th, 2008 by admin.
Categories: Uncategorized.
တစ်ဘ၀ သရဏဂုံတည်ခြင်း
ယခု ဘဒ္ဒကမ္ဘာမှ ပြန်ရေတွက်လို့ (၉၁) ကမ္ဘာမှာ အနောဒတ္တိ ဘုရားရှင်လက်ထက်မှာ လုလင်ပျိုတစ်ယောက်ဟာ မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေးပြုစုနေတယ်။ သံဝေဂဥာဏ်တွေရလို့ ရဟန်းဘောင်သို့ ၀င်ချင်သော်လည်း မိဘတွေကို ပြုစုရမယ့် သားသမီးဝတ္တရားရှိနေတာမို့ ရဟန်းမ၀တ်နိုင်ခဲ့ဘူး။ ဒါပေမယ့် သရဏဂုံတော့ တစ်ဘ၀လုံးဆောက်တည်မယ်ဆိုပြီး လက်ယာတော်ရံ အရှင် နိသုဘ မထေရ်ဆီမှာ သရဏဂုံ ဆောက်တည်ခဲ့ပြီး တစ်ဘ၀လုံးတည်မြဲအောင် နေထိုင်ခဲ့တယ်။ အဲဒီဘ၀ကလွန်မြောက်တာနဲ့ သရဏဂုံ အစွမ်းက အကျိုးပေးတော့တာပါဘဲ။ သေလွန်ပြီးတဲ့ နောက် ပထမဆုံးအကျိုးခံစားရတာက (၉၁) ကမ္ဘာတိုင်တိုင် အပါယ်မကျခြင်း၊ ဒုတိယက သိကြားမင်းအဖြစ် ဘ၀ပေါင်း (၈၀) ၊ တတိယက စင်္ကြာဝတေးမင်းအဖြစ် (၇၅) ဘ၀ ၊ စတုတ္ထက ပဒေသရာဇ်မင်းအဖြစ် ဘ၀ပေါင်းမရေမတွက်နိုင်အောင် လူ့စည်းစိမ် ၊နတ်စည်းစိမ် ခံစားခဲ့ရပါတယ်။ ယခု ဘဒ္ဒကမ္ဘာ ဂေါတမဘုရားရှင် သာသနာတော်အတွင်းမှာလည်း သာဝတ္ထိပြည် မဟာသာလ သူဌေးမျိုးမှာ ဖြစ်ရရှာလေသည်။ အသက်အရွယ် (၇) နှစ်သားအရွယ်တွင် သူငယ်ချင်းများနဲ့ ပြေးလွှားဆော့ကစားရင်း ရဟန္တာတစ်ပါးရဲ့ စံကျောင်းပရ၀ုဏ်ထဲ ရောက်သွားကြပါတယ်။ ရဟန္တာကြီးလည်း ကလေးများကို ကဲ….လာကြ …..ဘုန်းဘုန်း …သရဏဂုံတင်ပေးမယ်ဆိုပြီး လိုက်ဆိုခိုင်းပါတယ်။ ကျန်ကလေးများက သရဏဂုံအကျိုးကို ရကြသော်လည်း တစ်ဘ၀တာ သရဏဂုံတည်ခဲ့သော ထိုကလေးမှာကား ချက်ချင်း ကိလေသာ အာသဝေါ ကုန်ခမ်းပြီး (၇)နှစ်သားအရွယ်မှာပင် ရဟန္တာဖြစ်ခဲ့ရလေသည်။ အမည်မှာလည်း သရဏဂုံတည်ရင်း ရဟန္တာဖြစ်ရတာကြောင့် “တိသရဏဂမန မထေရ်” လို့ တွင်ခဲ့တယ်။ သရဏဂုံတည်ခြင်းအကျိုးမှာ အပါယ်တံခါး ပိတ်ရုံမျှမက ရဟန္တာပင်ဖြစ်နိုင်းကြောင်း သိလောက်ကြပေပြီ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း သရဏဂုံ မညိုးနွမ်းအောင် ၊ မပျက်အောင် ထိန်းသိမ်းကြရပေလိမ့်မည်။
သရဏဂုံပျက်ခြင်း
သရဏဂုံပျက်ခြင်းမှာ -
(၁) အပြစ်မရှိသော ပျက်ခြင်း၊
(၂) အပြစ်ရှိသော ပျက်ခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။
(more…)
Posted on October 6th, 2008 by admin.
Categories: Uncategorized.
သူငယ်ချင်း တစ်ယောက်ရဲ့ အဖေက သူ၏သားကို ကိုယ်တိုင်ရေးပေးလိုက်သော အသိပေးစကားစုများဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ကြိုက်လွန်းလို့ ကူးယူထားတာပါ။ လက်ဆင့်ကမ်းဝေမျှပေးလိုက်ပါတယ်။
ချစ်သား
စကား(၆)ခွန်း ပြည်၌ထွန်း
(၆)ခွန်းကိုပယ် (၂)ခွန်းတည်။
(၆)ခွန်းဆိုရိုး စကားမျိုးတွင် ကျိုးရှိမှန်လှ (၂)ခွန်းစကားကိုသာ ပြောဆိုပါလေ။
(၁)မှန်၏၊ အကျိုးရှိ၏ ၊ အများနှစ်သက်၏ ။
(၂)မှန်၏၊ အကျိုးရှိ၏ ၊ အများမနှစ်သက် ။
ချစ်သား
-လာဘ်ရခြင်း ၊ အခြံအရံများခြင်း ၊ ချီးမွမ်းခံရခြင်း ၊ ချမ်းသာခြင်း လောကဓံတို့နှင့်ကြုံရသောအခါ အဆင့်မြင့် မသွားပါနဲ့ ။
-လာဘ်မရခြင်း ၊ အခြံအရံမရှိခြင်း ၊ ကဲ့ရဲ့ခံရခြင်း ၊ ဆင်းရဲခံရခြင်း လောကဓံတို့နှင့် ကြုံရသောအခါ စိတ်ဓါတ်မကျ ပါနဲ့။
ချစ်သား
လမ်းမှန်ပေါ်၌ လျှောက်လျှောက်ပြေးပြေး
လမ်းခွဲတို့၌ လမ်းလွဲသို့မလိုက်မိဖို့ရန်
အထူးအရေးကြီးလှ၏ ။
ချစ်သား
မှန်ထဲကြည့်က
ရုပ်ကိုသာမြင်တွေ့နိုင်၍
ခန္ဓာထဲကြည့်တတ်မှ
သစ္စာတရားကိုမြင်တွေ့နိုင်လိမ့်မည် ။
(more…)
Posted on October 6th, 2008 by admin.
Categories: Uncategorized.
ကမ္ဘာ့လျှပ်စစ်စွမ်းအားညှိနှိုင်းဆွေးနွေးပွဲ နည်းပညာဆိုင်ရာအဖွဲ့ရဲ့ ခန်းမှန်းချက်အရ လာမယ့်အနှစ် (၂၀-၃၀) အတွင်းမှာ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာပဲ အနုမြူလျှပ်စစ် ဓါတ်အားပေးစက်ရုံများ ဖြစ်ထွန်း လာနိုင်မှာဖြစ်ပြီးတော့ ၎င်းစက်ရုံတွေရဲ့ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုနှုန်းမှာ ၂-၃ ဆ မြင့်တက်လာမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါ့အပြင် စက်မှုဖွံ့ဖြိုးဆဲ နိုင်ငံများဖြစ်တဲ့ ဘရာဇီး ၊ အိန္ဒိယ ၊ တရုတ် စတဲ့ နိုင်ငံတွေမှာလည်း ပိုပြီးမြင့်မားတဲ့ အရှိန်အဟုန်နဲ့ အဦးဆုံး တိုးတက်ထွန်းကားလာ လိမ့်မယ်လို့ ပညာရှင်တို့ က ခန့်မှန်းခဲ့ ကြပါတယ်။
အနုမြူလျှပ်စစ်စွမ်းအားဟာ တကယ့်ကိုပဲ အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဘာဖြစ် လို့လည်းဆိုတော့ ထုတ်လွှတ်တဲ့ ပါဝါချင်းအတူတူ အခြားသော လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဧရိယာ အများကြီး အသုံးပြုဖို့ မလိုတဲ့ အတွက်ကြောင့် ဖြစ်တယ်။ အကောင်းဆုံး ဥပမာ တစ်ခုကို ပြရမယ်ဆိုလျင် ပြင်သစ်က ပါလျူအယ် အနုမြူလျှပ်စစ်ဓါတ်အားပေး စက်ရုံ (၄)ခုကို ဆိုရမှာပါပဲ။ ၎င်းစက်ရုံ (၄)ခုကနေ စက်ရုံ(၁)ရုံ ကို (၁၃၀၀ MW) မဂ်ဂါဝပ်စီနဲ့ အရေအသွေးအဆင့်မှီတဲ့ လျှပ်စစ်ဓါတ်အား ကို ထုတ်လုပ်ပေး လျက်ရှိပါတယ်။ အဲဒီ လျှပ်စစ်ဓါတ်အား ပမာဏဟာ ပြင်သစ် အရှေ့ပိုင်း Lorraine မြို့က ကျောက်မီးသွေးတွင်း အားလုံး မီးပုံရှို့ပြီးမှ ရမယ့် လျှပ်စစ်ဓါတ်အားနှုန်းနဲ့ သွားပြီးညီမျှနေပါတယ်။ (more…)
Posted on October 5th, 2008 by admin.
Categories: Uncategorized.
သရဏံဂုံသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်ခြင်း၊ တည်မြဲခြင်းကြောင့်ရမယ့် ကောင်းကျိုးငါးပါးကို ဒီလိုဖွင့်ပြထားပါတယ် -
(၁) ဘေးကင်းခြင်း ၊
(၂) ကြောက်ရွံ့မှုစိတ်ကိုလည်း ပယ်ဖျောက်တတ်ခြင်း ၊
(၃) ကိုယ်ဆင်းရဲ ၊ စိတ်ဆင်းရဲမှန်သမျှကိုလည်း ပျောက်ကင်းစေခြင်း၊
(၄) + (၅) အပါယ်ကျရောက်မယ့်ဘေးမှကင်းခြင်း။ ကိုယ်စိတ်ညစ်နွမ်းခြင်းမှ ကင်းဝေးစေခြင်း။
တစ်ခဏ သရဏဂုံတည်ခြင်းနဲ့ တစ်ဘ၀ သရဏဂုံတည်ခြင်းကြောင့် ရရှိမယ့် အကျိုးများကို ဖော်ပြသွားပါ့မယ်။
တစ်ခဏ သရဏဂုံတည်ခြင်း
ဒမ္မိလ တံငါသည်အကြောင်း စပြောပြပါ့မယ်။ တံငါသည်ဆိုတာ သူတစ်ပါးအသက်ကို သတ်ပြီးမှ အသက်မွေးမှုပြုရသူပါ။ ဒီနေ့ နေ့စဉ်နဲ့အမျှ ငါးတွေကိုသတ် ၊ အကုသိုလ်တွေဖြစ်နေရပါတယ်။ တံငါသည်ဖြစ်ပေမယ့် အလှူဒါနပြုတဲ့သူတွေလည်း ရှိပါတယ်။ ငါးသတ်တာက အကုသိုလ် ၊ လှူဒါန်းတာက ကုသိုလ် ပါ။ ဒါကြောင့်မို့ တံငါသည်ဖြစ်ပေမယ့် လူ့ဘ၀ပြန်ရတဲ့ သူတွေလည်းရှိပါတယ် ။ တံငါသည်တိုင်းတော့ အပါယ်မကျတတ်ကြပါဘူး။ ဒါပေမယ့် သူတစ်ပါးအသတ်သတ်တဲ့ အကုသိုလ်ကံအကျိုးပေးကြောင့် လူ့ဘ၀ပင် ရလင့်ကစား မွေးကတည်းက ခြေ၊ လက်မပါခြင်း ၊ မျက်စိမမြင်ခြင်း ၊ နားပင်းခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် မြင်တွေ့နေရတဲ့ ခြေလက်မပါသူများ ၊ ခြေတိုလက်တိုဖြစ်နေသူများ ၊ မျက်စိကန်း ၊ နားပင်းနေသူများကို မြင်လျှင် ရှေးဘ၀က သူတစ်ပါးအသက်ကို သတ်ခြင်း ပါဏာတိပါတကံကို ကျူးလွန်ဖူးသူများအဖြစ် သံဝေဂယူသင့်ပါတယ်။ လူတိုင်းဟာ သေခါနီးမှာ နောင်ဘ၀ မိမိ ဘယ်ဘုံဘ၀သို့ ရောက်မည်ကို မိနစ်ပိုင်းအလိုမှာ သိမြင်နိုင်ပါတယ် ။ (more…)
Posted on October 5th, 2008 by admin.
Categories: Uncategorized.
ပုထုဇဉ်များကြိုတင်မသိနိုင်သောတရား(၅)ပါးရှိပါတယ်။
(၁) ဘယ်အသက်အရွယ်မှာ သေရမလဲ ?
(၂) ဘယ်အနာရောဂါနဲ့ သေရမလဲ ?
(၃) မနက် ၊ နေ့လည်၊ ညနေ ၊ ဘယ်အချိန်မှာသေရမလဲ?
(၄) ဘယ်နေရာ ၊ ဘယ်ဒေသ မှာသေလို့ ဘယ်သုသာန်မှာ မြှုပ်နှံခံရမလဲ?
(၅) သေပြီးတဲ့နောက် ဘယ်ဘုံဘ၀သို့ ရောက်ရှိမလဲ?
ဒါကြောင့် ပုထုဇဉ်များသည် ဘ၀အာမခံချက် ဘာမှမရှိပါဘူး ။
မြတ်စွာဘုရားရှင်က ဟောကြားဖူးပါတယ်…….ချစ်သား၊ ချစ်သမီးတို့ ။ ငါဘုရားရဲ့ လက်သည်းခွံပေါ်က မြေမှုန်နဲ့ ဟောဒီကမ္ဘာမြေကြီးပေါ်က မြေကြီး ၊ ဘယ်ဟာက ပိုများပါသလဲ….လို့မေးပါတယ်။ တပည့်ဒါယိကာ ၊ ဒါယိကာမတွေက - အရှင်ဘုရား ….ဟောဒီကမ္ဘာမြေကြီးပေါ်က မြေကြီးက အနှိုင်းအဆမရှိ များပြားလှပါပေတယ်။ လက်သည်းခွံပေါ်ကမြေကြီးနဲ့ နှိုင်းဆလို့ မရနိုင်ပါဘူးဘုရားလို့ ပြန်ဖြေကြပါတယ်။
ဒီအခါ မြတ်စွာဘုရားရှင်က - ချစ်သား၊ ချစ်သမီးတို့ ….ဒီလူ့ဘုံနေ သေပြီးတဲ့နောက် သုဂတိဘုံလို့ခေါ်တဲ့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို ရောက်ကြတဲ့ လူသားတွေဟာ ငါဘုရားလက်သည်းခွံပေါ်က မြေမှုန်ပမာဏလောက်သာ ရှိကြပြီး ၊ ဒုဂတိဘုံလို့ခေါ်တဲ့ ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ဆိုတဲ့ အပါယ်လေးဘုံကို ရောက်ကြတဲ့သူတွေဟာ ဟောဒီကမ္ဘာမြေကြီးပေါ်က မြေမှုန်ပမာဏလောက် အနှိုင်းအဆမဲ့ များပြားလှပါပေတယ် လို့ ဟောကြားခဲ့ပါတယ်……..
ဒါကိုကြားရတော့ ကျွန်တော်တို့ သံဝေဂ ယူသင့်နေပါပြီ ။ အပေါ်ကမေးခွန်းငါးခုရဲ့ အဖြေကိုမသိလို့ ကျွန်တော်တို့ ရမ်းသမ်းနေကြ ၊ ရမ်းသမ်းသေကြလို့ အပါယ်ကျနေရပါလားဆိုတာ သိခဲ့ရပါပြီ။ လူ့ဘောင်လောကမှာ ပစ္စည်းဥစ္စာ ၊ ရွှေ၊ ငွေစည်းစိမ်၊ ဇနီး ၊ သားသမီးတွေကဲ့လို့ စွဲလမ်းစရာများပြားတဲ့ ပုထုဇဉ်လူသားတွေပင်မဆိုထားနှင့် ။ စွဲလမ်းစရာနည်းပါးတဲ့ ရဟန်းဘောင်မှ သံဃာများပင် အပါယ်ကျရောက်တတ်ပါတယ် ။ တခါက ဂေါတမဘုရားရှင်လက်ထက် တိဿမထေရ်တစ်ပါးရှိပါတယ် ။ သက်တော်က ၅၀ အရွယ်ပါဘဲ။ တူမတစ်ယောက်လှူဒါန်းတဲ့ အလွန်နူးညံ့သိမ်မွေ့လှတဲ့ သင်္ကန်းကို နောက်တနေ့ ဆွမ်းခံကြွမှ ၀တ်မယ်ဆိုပြီး ခေါင်းဦးအောက်ခုအိပ်ပါတယ်။ အဲဒီညမှာပဲ တိဿမထေရ်ဟာ ရောဂါတစ်ခုကြောင့် ပျံလွန်တော်မူခဲ့ပါတယ်။ ကျန်ရဟန်းများက တိဿမထေရ်ရဲ့ ပစ္စည်းများကို ခွဲဝေယူဖို့ပြင်နေတုန်း “ငါ့သင်္ကန်းကိုမယူကြနဲ့”လို့ အော်သံကြီးကို မြတ်စွားဘုရားရှင်က ကြားလိုက်ပါတယ်။ မြတ်စွာဘုရားရှင်က ဆင်ခြင်ကြည့်လိုက်တဲ့အခါ သင်္ကန်းအပေါ်စွဲလန်းမှု လောဘကြောင့် သန်းပြိတ္တာဖြစ်နေရရှာပြီး နောက် (၇) ရက်ကြာမှ ကျွတ်လွတ်ကာ နတ်ပြည်လားရမယ့် အဖြစ်ကိုမြင်လို့ ရဟန်းတို့ကို နောက်(၇) ရက်ကြာမှ ခွဲဝေယူကြဖို့ ပြောဆိုခဲ့ရပါတယ်။ (more…)
Posted on June 30th, 2008 by admin.
Categories: Uncategorized.
ဤသို့အားဖြင့် ကွန်ပျူတာလုပ်ငန်း လုပ်နေသူများမှာ မြစ်ကို အလျားလိုက် ကူးနေသကဲ့သို့ ဖြစ်နေတော့သည်။
Posted on June 30th, 2008 by admin.
Categories: Uncategorized.
ရင်ဖွင့်သံ
ကလေးတစ်ယောက်ဟာ သူ့အဖေနဲ့ အမေ့အကြောင်းကို ပြန်ပြောပြလေသည်။
ကလေး။ ။ အစတုန်းကတော့ သူတို့ဘဲ လမ်းလျှောက်တတ်အောင်၊ စကားပြောတတ်အောင် သင်ပေးခဲ့တယ်။
အခုတော့ သူတို့ က ငြိမ်ငြိမ်ထိုင်ပြီး တိတ်တိတ်နေခိုင်းနေတယ်။
Posted on June 30th, 2008 by admin.
Categories: Uncategorized.
တခါက မိုးလေ၀သ တိုင်းတာတဲ့ သူတစ်ယောက်ဟာ တပတ်အတွင်း ဖြစ်နိုင်ခြေ မိုးလေ၀သ အခြေအနေတွေကို တိုင်းတာနေတယ်။ ပြီးတာနဲ့ မိန်းမဖြစ်သူကိုပြောလိုက်တယ်။
ယောက်ျား။ ။တနင်္လာနေ့မှာ နေတအားပူမယ်။ အင်္ဂါနေ့ မှာ နေသာမယ်။ ဗုဒ္ဓဟူးနေ့လည်း နေသာမယ်။ ကြာသမတေးနေ့ တော့ မိုးရွာမယ်။
မိန်းမ။ ။ကြာသပတေးနေ့အစား ဗုဒ္ဓဟူးနေ့မှာ မိုးရွာအောင်လုပ်ပေးစမ်းပါ။ ကြာသပတေးနေ့ ကျွန်မ ရုပ်ရှင် သွားကြည့်မလို့ ။